Homeပြည်တွင်းသတင်းပြင်ဦးလွင်က စစ်တပ်မိသားစုဝင်တွေပြောင်းရွေ့နေတယ်လို့ သတင်းထွက်ပေါ်၊ စစ်ကောင်စီတပ်က ခံစစ်ပြင်နေ

ပြင်ဦးလွင်က စစ်တပ်မိသားစုဝင်တွေပြောင်းရွေ့နေတယ်လို့ သတင်းထွက်ပေါ်၊ စစ်ကောင်စီတပ်က ခံစစ်ပြင်နေ

၈ ဩဂုတ်၊ ၂၀၂၄

ပြင်ဦးလွင်ခေါ် မေမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတွေရဲ့ မိသားစုဝင်တွေ ဩဂုတ်လ ၇ ရက်က စပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတယ်လို့ ဒေသတွင်းသတင်းတွေထွက်ပေါ်နေပြီး New Day Myanmar ရဲ့ သတင်းရင်းမြစ်ကတော့ စစ်တပ်က ခံစစ်ပြင်နေတယ်လို့ ပြောပါတယ်။

သသနတပ်၊ BEတပ်၊ DSA၊ DSTA စတဲ့ တပ်တွေက အရာရှိမိသားစုတွေကို စစ်ကားတွေနဲ့ နေပြည်တော်ကို ပို့ဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အရာရှိမိသားစုတွေက ကိုယ်ပိုင်ကားတွေနဲ့ လိုက်ပါနေကြပြီး သူတို့ကို နေပြည်တော်ကို ပြောင်းရွှေ့ပေးတယ်လို့ ဖော်ပြနေကြတာပါ။

အောက်ခြေတပ်ဖွဲ့ဝင်မိသားစုတွေကိုတော့ ကိုယ်ပိုင်အစီအစဉ်တွေနဲ့ ဘေးလွတ်ရာမှာ ရှောင်ဖို့ မှာကြားထားတယ်လို့ သိရပြီး နေပြည်တော်ကို အရာရှိအဆင့်မိသားစုဝင်တွေကိုသာ ပြောင်းပေးနေတယ်လို့ ပြောကြပါတယ်။

“စစ်သားတွေအနေများတဲ့ အနီးစခန်းတို့၊ မိုးကြိုးကွက်သစ်တို့ဘက်တွေမှာ စစ်တပ်ဂိတ်တွေ အင်အားတိုးထားတယ်။ စစ်ကားတွေလည်း အဝင်အထွက်အရမ်းများနေတယ်။ အရာရှိကြီးတွေရဲ့မိသားစုတွေ နေရာရွှေ့ကြပုံပဲ။ ဒါပေမဲ့ DSA ရော DSTA ဝင်းထဲကရော အသံမကြားရဘူး။ ငြိမ်နေတယ်။ ကောလဟလကြားနေရတာကတော့ မေမြို့ကနေ အရာရှိရော၊ အခြားအဆင့်တွေကိုရော ထွက်ခွာခွင့်မပေးဘူး။ ခုခံစစ်ပဲ ပြင်ခိုင်းထားတယ်တဲ့။ အင်အားလည်း ထပ်တိုးချမယ် ကြားနေကြတယ်။ အရပ်သားတွေထဲတော့ ငွေကြေးတတ်နိုင်သူတွေကတော့ မန္တလေးတို့၊ ရန်ကုန်တို့ကို အရင် ၂ လလောက်ကတည်းက ဆင်းကုန်ပြီ။ ကျွန်တော်တို့တော့ ပိုက်ဆံအဆင်မပြေသေးလို့ မြို့ထဲပဲ ဆက်နေမယ်တွေးထားတယ်။”လို့ ပြင်ဦးလွင် ဒေသခံ၊ စစ်တပ်နဲ့ နီးစပ်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

ဩဂုတ်လ ၇ ရက် မနက် ၁၀ နာရီဝန်းကျင်ကစပြီး ပြင်ဦးလွင်မြို့ကို နောင်ချိုဘက်ကလာတဲ့ကားတွေကို အဝင်မခံတော့ဘဲ တပ်တွင်းမှာ အနီရောင်အဆင့်နဲ့ လုံခြုံရေးသတိရှိဖို့ ကြေညာထားပါတယ်။ မြို့တွင်းမှာ လုံခြုံရေး တင်းကြပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read