ပြင်သစ်သမ္မတ အေမန်နျူယယ် မက်ခရွန်က ဒေါ်အောင်ဆန်းစုကြည်ဆီကိုစာပေးပို့ထားပြီး ကျန်းမာရေးအတွက်စိုးရိမ်ပူပန်တယ်လို့ အဲ့ဒီပေးစားမှာဖော်ပြထားပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းအပါ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ ပြင်သစ်နိုင်ငံက ထပ်မံတောင်းဆိုတယ်လို့ ပေးပို့စာအတွင်းမှာရေးသားထားပါတယ်။
မကြာခင်ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က ပြင်သစ်နိုင် ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ ခရစ်စတန်လရှယ်ဗီ (Mr. Christian Lechervy)နဲ့ တွေ့ဆုံခဲ့ပြီး ပြင်သစ်သမ္မတ မက်ခရွန်က သူရဲ့မိခင်ဆီကို ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးအရစာကို လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကင်မ်အဲရစ် က “အသက်ကြီးလာပြီဖြစ်တဲ့ ကျွန်တော့်မေမေဟာ အချုပ်အနှောင်ထဲမှာ ကျန်းမာရေး မကောင်းတော့ပါ။ မေမေဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် သူ့ဘဝ အသက်တာတစ်လျှောက် ကြိုး စားဆောင်ရွက်ခဲ့သူဖြစ်တယ်။ မေမေလွတ်မြောက်ခြင်းဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက်သာမက မြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း အရေးပါဆုံးဖြစ်ပါတယ်။ ”လို့ သူက ရေးသားမျှဝေထားပါတယ်။
ဒါအပြင် ပြင်သစ်နိုင်ငံရဲ့သနားကရုဏာတရား၊ အားပေးမှုနဲ့ မိတ်ဆွေကောင်း ပီ သခြင်းတို့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဒါဟာ ငြိမ်းချမ်းရေး၊ လွတ်မြောက်ရေး တို့ကို နှုတ်ပိတ်ထားလို့ မရဘူးတဲ့ ကမ္ဘာတဝှမ်းကလူတွေကို အသိပေးလိုက်တဲ့ စိတ်ဓာတ်ရေးဆိုင်ရာ ခေါင်းဆောင်မှုတစ်ရပ်လည်း ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ဓာတ်ပုံ-Kim Aris


