၁၇ မတ် ၊၂၀၂၅
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အပိုင် ပဲခူးရိုးမအတွင်း စကစ တပ်တွေ စစ်ကြောင်းထိုး နေတာကြောင့် ခရီးသွားလာခွင့် ခေတ္တတားမြစ်ပိတ်ထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို)က သတင်းထုတ်ပြန်ပါတယ်။
ခရီးသွားလာခွင့်ကို မတ်လ ၁၆ ရက်မှာ စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး မော်တော်ယာဉ်၊ သုံးဘီး၊ ကျွဲ၊ နွားတွေပါ သွားလာခွင့်ပိတ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို ထုတ်ပြန်တာဟာစစ်ဆင်ရေးတွေကြား ပြည်သူတွေ မထိခိုက် စေဖို နဲ့ သစ်တော သယံဇာတတွေ ခိုးထုတ်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ လိုက်နာပေးကြဖို့ တိုက်တွန်းကြောင်းလည်း ပြောဆိုထားပါတယ်။
စစ်ကောင်စီ အတွက် ဝင်ငွေ ရှာဖွေပေးနေတဲ့ သစ်ခိုးထုတ်မှုတွေကိုလည်း ဖမ်းဆီးအရေးယူနေပြီး ဂိတ်ကြေး ကောက် ခံတာတွေ၊ သစ်ခိုးထုတ်တာတွေကို လုံးဝလုပ် ဆောင်နေတာ မရှိသလို လုပ်ဆောင်နေတဲ့ တခြားတော် လှန်ရေး အဖွဲ့အစည်းတွေကိုလည်း လက်မခံဘူးလို့ အသိပေးထားပါတယ်။
Photo – မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို