Homeပြည်တွင်းသတင်းပဲခူးမြို့မှာ လမ်းပေါ်ပြုတ်ကျနေတဲ့ လမ်းမီးတိုင်က ဓါတ်ကြိုးကို ခလုတ်တိုက်မိပြီး (၇) နှစ်အရွယ်ကလေးတဦးသေဆုံး

ပဲခူးမြို့မှာ လမ်းပေါ်ပြုတ်ကျနေတဲ့ လမ်းမီးတိုင်က ဓါတ်ကြိုးကို ခလုတ်တိုက်မိပြီး (၇) နှစ်အရွယ်ကလေးတဦးသေဆုံး

၁၉ ဇူလိုင် ၂၀၂၅

ပဲခူးမြို့၊ ဥဿာမြို့သစ် (၁) ရပ်ကွက်၊ နယ်မြေ (၅) မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းက အသက် (၇) နှစ်အရွယ်ကလေးငယ်တဦး ဓါတ်လိုက်သေဆုံးခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ ဒေ သခံတွေဆီက သိရပါတယ်။

ဇူလိုင်လ(၁၈)ရက် ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်(၁)ရပ်ကွက်၊ နယ်မြေ(၅)မှာ မောင်ကျော်ကျော်မျိုး (၇နှစ်) Grade-1 ကျောင်းသားဟာ မိခင်ဖြစ်သူကနေ လမ်းထိပ်ဈေး ဆိုင်ကို ခြင်ဆေးခွေဝယ်ခိုင်းတာကြောင့် သွားဝယ်ရာ လမ်းထိပ်ရေစက် ပတ်လမ်းအရောက်မှာ မြေပြင်ပေါ်ကို ပြုတ်ကျနေတဲ့ လမ်းမီးတိုင်မှ သတ္တုလျှပ်စစ်ကြိုးကို ခလုတ်တိုက်မိပြီး ဓါတ်လိုက်ကာ မှောက်လျက်အနေအထားနဲ့ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး