Homeပြည်တွင်းသတင်းပဲခူးတိုင်း၊ ညောင်ခြေထောက်ရွာက ခမရ ၅၉၈ ကို တော်လှန်းရေးတပ်တွေ သိမ်းပိုက်

ပဲခူးတိုင်း၊ ညောင်ခြေထောက်ရွာက ခမရ ၅၉၈ ကို တော်လှန်းရေးတပ်တွေ သိမ်းပိုက်

မေ၊ ၂၀၂၅

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာက စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ပူးပေါင်းတပ်တွေက ဒီနေ့ မေလ ၉ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီစခန်းကို ပူးပေါင်းတပ်တွေက မေ ၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ သုံးပြီး အသဲအသန်းခုခံခဲ့ပေမယ့် တော်လှန်းရေးပူးပေါင်းတပ်တွေက မေ ၈ ရက်၊ နေ့လည်ပိုင်းမှာ ဗဟိုကင်းအထိသိမ်းပိုက်နိုင်တယ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီကတော့ မေလ ၉ ရက်အထိ လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတုန်းဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တော်လှန်ရေး ပူးပေါင်းတပ်တွေက တပ်ဝန်းကနေပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read