Homeပြည်တွင်းသတင်းပဲခူးတိုင်းထဲက စစ်ကောင်စီအခြေကုပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

ပဲခူးတိုင်းထဲက စစ်ကောင်စီအခြေကုပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

မေ၊ ၂၀၂၅

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ခလရ(၆၀)၊ ခလရ(၇၃) ပူးပေါင်း တပ်ပေါင်းစုက ထိုးစစ်ဆင် ခြေကုတ်ယူ ထားတဲ့ နေရာများ စစ်ကောင်စီခြေကုတ်ယူ အထိုင်ချထားတဲ့ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၂၈ ရက်မှာ တက်ရောက်သိမ်းယူ ရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဒုရင်းမူးတစ်ဦးအပါအဝင် အရန်ခံဗိုလ်တစ်ဦးကျဆုံးပြီး အများအပြား ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေရှိခဲ့ပြီး လက် နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်တွေက အဲ့ဒီနေရာတွေမှာ တပ်စွဲခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ မိမိပိုင်ဆိုင်မှုတွေ ထားခဲ့ပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရတာကြောင့်များစွာဒုက္ခနဲ့ ကြုံတွေ့ခဲ့ကြရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပုံစာ − စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်း များ။

ဓါတ်ပုံ – KNU

ဆက်စပ် သတင်းများ

Most read