ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် စစ်ကောင်စီရဲ့ သိမ်ကုန်း တာဝါတိုင်အထိုင်စခန်းကို မေလ၁၇ရက်နေ့ကအင်အားဖြည့်တင်းရန်ထွက်ခွာလာတဲ့ အင်အား၇၀ခန့်ပါ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း တပ်ရင်း၃၆၀၂ နဲ့ တပ်ရင်း၃၆၀၁၊ ပြည်ခရိုင်ပကဖတို့က ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်သားတွေက သိမ်ကုန်းတာဝါတိုင်အထိုင်စခန်းထဲ ပြေး၀င်ရောက်သွားတာကြောင့် ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့များတွေက ထပ်မံပိတ်ဆို့တိုက်ခိုက်ရာ မေလ ၁၈ ရက်ညမှာ တာဝါတိုင်အထိုင်စခန်းက စစ်ကောင်စီတပ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားသောတာ ကြောင့် ၁၉ ရက်မှာ အလုံးစုံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီစခန်းက စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကြောင်းတွေကို မေလ ၂၁ ရက်မှာ ပြည်မြို့ကတဆင့်ရခိုင်ရိုးမရှေ့တန်းနေရာတွေနဲ့ မကွေးတိုင်းက နယ်မြေတွေကို ပို့ဆောင်နေတယ်လို့သိရပါတယ်။