၂၁ ဇန်နဝါရီ၊ ၂၀၂၅
ရုရှားသမ္မတ ပလာဒီမာ ပူတင်ဟာ ရုရှားကို အကြီးအကျယ်ဖျက်စီးနေပြီး ယူကရိန်းနဲ့ သဘောတူညီချက်မယူရင် ရုရှားဟာ အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
သူသမ္မတစဖြစ်တဲ့ ဇန်နဝါရီ ၂၀ ရက်မှာပဲ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ခုလိုပြောကြားလိုက်တာပဲဖြစ်ပါတယ်။
“ဇလန်းစကီးကတော့ ဆွေးနွေးဖို့ အသင့်ပဲလို့ ကျွန်တော့်ကိုပြောထားတယ်။ ပူတင်ဘက်က အခြေအနေကိုတော့ မသိရသေးဘူး။ သူလုပ်မှာ မဟုတ်လောက်ဘူး။ ကျွန်တော်ကတော့ သူ့အနေနဲ့ ဆွေးနွေးမှု မပြုလုပ်ဘူးဆိုရင် ရုရှားအကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်။”လို့ ဒေါ်နယ်ထရမ့်ကပြောခဲ့တာပါ။
ဆက်လက်ပြီး “ရုရှားက တော်တော်ဒုက္ခရောက်တော့မယ်။ သူတို့ရဲ့ စီးပွားရေးကို ကြည့်ပါ၊ ရုရှားမှာ သူတို့ရဲ့ ငွေကြေးဖောင်းပွမှုကို ကြည့်ပါ။ ပူတင် သဘောတူညီမှု ယူလိမ့်မယ်လို့ ထင်ပါတယ်။”လို့ပြောပါတယ်။