Homeပြည်တွင်းသတင်းပုသိမ် - မုံရွာလမ်းပိုင်းတစ်နေရာကို အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင်စစ်ဆေး

ပုသိမ် – မုံရွာလမ်းပိုင်းတစ်နေရာကို အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင်စစ်ဆေး

၁၃ ဇန်နဝါရီ၊၂၀၂၅

ပုသိမ် – မုံရွာကားလမ်းပိုင်းတစ်နေရာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အထက်မင်းလှမြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အထက်မင်းလှမြို့နယ်ကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာကားလမ်းပိုင်းမှာ ဇန်နဝါရီ ၁၂ရက်က သွားလာနေတဲ့ ယာဉ်တွေကို စစ်ဆေးခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးနဲ့ စစ်ဆေးရေးလုပ်ငန်းစဥ်တွေကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား အထူးကျေးဇူးတင်လို့လည်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။

ပုသိမ် – မုံရွာလမ်းမကြီး‌ပေါ် နဲ့ ဘေးပတ်ဝန်းကျင်ရွာတွေမှာ ဇန်နဝါရီ ၈ရက်မှ စတင်ပြီး စစ်ကောင်စီက စစ်ကြောင်းထိုး‌နေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လမ်းမကြီးတလျောက်နဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ယာယီသွားလာခြင်းမပြုလုပ်ကြဖို့ကိုလည် သတိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေက ကျေးရွာချင်းဆက်လမ်းတွေရဲ့ ဝင်ပေါက်နေရာမှာတွင် ကင်းပုန်းများ ချနေခြင်း ၊ပုသိမ်-မုံရွာလမ်းမကြီးအနားမှ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေခြင်း၊ ဒရုန်းတွေအသုံးပြုပြီး ကျေးရွာ တွေရဲ့ ဝန်ကျင်တွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လျှက်ရှိတယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီစစ်ကြောင်းမှာ ရွှေချောင်းကျေးရွာအနီး ကြက်ခြံ နဲ့ ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးပညာသင်(ဘက) ကျောင်းအတွင်း မှာတပ်စွဲ ထားကြောင်း သတိပေးထားပြီး ပုသိမ် – မုံရွာလမ်းမကြီး‌ပေါ် နဲ့ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာ ၃၉ရွာကို စစ်ရေးသတိပြုနေထိုင်ကြဖို့ကိုလည်း သတိပေးထုတ်ပြန်ထားပါတယ်။

Photo – Upper Minhla PDF

ဆက်စပ် သတင်းများ

Most read