မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့ရဲ့ ၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီးဇန်နဝါရီလ ၈ ရက်ည ၉ နာရီ ၂၆ မိနစ် ၃၂ စက္ကန့်က အင်အား ၄.၅ ရစ်ချတာစကေး ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
မြေငလျင်လှုပ်ရှားမှုကို မန္တလေးမြို့ အောင်မြေသာစံ၊ချမ်း အေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရနဲ့ပုသိမ်ကြီး မြို့နယ်တို့နေ ပြည်သူတွေ သိရှိခံစားခဲ့ရတယ်လို့ သိရပါတယ်။


