Homeဗွီဒီယိုပုလဲမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်

ပုလဲမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်

၈ ဇူလိုင်၊ ၂၀၂၄

တော်လှန်ရေးတပ်တွေက ပုလဲမြို့ကို ထိန်းချုပ်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၇ ရက်နေ့ကပုလဲမြို့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ရဲစခန်းနဲ့ စုပေါင်းရုံးကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

နာရီနီးပါးတိုက်ခိုက်ခဲ့ပြီးနောက်မှာပုလဲမြို့ကို ထိန်းချုပ်လိုက်တာပါ။ တိုက်ပွဲအတွင်းမှာ ရန်သူ့ဘန်ကာတစ်ချို့ရရှိခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ PLA က ဆိုပါတယ်။ ဖမ်းဆီးရမိသူတွေကို မြို့နယ် ပအဖအဖွဲ့ထံ အပ်နှံလိုက်တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို PLA အနောက်မြောက်စစ်ဒေသ-အမှတ် (​၈၁၅) တပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) – Column 3 တပ်ရင်း ၁၄ (ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နဲ့ ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းနဲ့ စုပေါင်းရုံးကို ထိန်းချုပ်ပြီးနောက်မှာ PLA အဖွဲ့တွေက မြို့လယ်ကို ထွက်ခွာပြီး မြို့နယ်လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေ ဆုံးမှုရှိမရှိကိုတော့ တော်လှန်ရေးတပ်တွေ ဘက်က ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most read