Homeပြည်တွင်းသတင်းပုလောမှာ စက်လှေမှောက်လို့ လူ ၂၀ ကျော်ရုပ်အလောင်းရှာဖွေတွေ့ရှိပြီး လူ ၆၀ နီးပါးပျောက်ဆုံးနေ

ပုလောမှာ စက်လှေမှောက်လို့ လူ ၂၀ ကျော်ရုပ်အလောင်းရှာဖွေတွေ့ရှိပြီး လူ ၆၀ နီးပါးပျောက်ဆုံးနေ

၂၁ အောက်တိုဘာ၊ ၂၀၂၄

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်၊ကျောက္ကာရွာအ နီးပင်လယ်ပြင်မှာအောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခန့်က လူ၈၀ဦးခန့်တင်ဆောင်လာတဲ့ စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီလှေမှောက်မှုကြောင့် လှေပေါ်လိုက်ပါလာတဲ့ လူ ၂၀ ကျော်ရဲ့ရုပ်အလောင်းကို ရှာ ဖွေတွေ့ရှိပြီး လူ ၆၀ နီးပါးပျောက်ဆုံးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လှေပေါ်လိုက်ပါလာသူတွေဟာ စစ်ဘေးဒုက္ခသည်အများစုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်လှေက ကျောက္ကာရွာကနေ မြိတ်ကို သွားမယ့်လှေ့ပါ။ ရေဝဲမိပြီး မှောက်သွားတာတဲ့ စက်လှေပေါ်မှာ ကလေးလူကြီး အသက်အရွယ်အစုံလိုက်ပါလာကြပြီးအတိအကျစာရင်းမသိပေမယ့် လူ ၈၀ လောက်ပါလာတယ်လို့ ပြောသံကြားတယ်။ အများစုက စစ်ဘေးဒုက္ခသည်တွေဖြစ်ပါတယ်။လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကလည်း “လောလောဆယ်တော့အလောင်း၂၀လောက်ရှာဖွေတွေ့ရှိထားပါတယ်။ အသက်ရှင်ကျန်ရစ်သူအ ချို့ရှိပေမယ့် ပျောက်ဆုံးနေသူကများပါတယ်။ ကျောက္ကာကနေ ဘယ်သူတွေ စက်လှေနဲ့ လိုက်ပါခဲ့လဲဆိုတာကို မိသား စုဝင်တွေဆီ မေးမြန်းစုံစမ်းပြီးမှပဲ သေဆုံးသူ၊ပျောက် ဆုံးသူနဲ့အသက်ရှင်ကျန်ရစ်သူစာရင်းက အတိအကျ သိရမှာပါ”လို့ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကျောက္ကာကျေးရွာက ဒေသခံတွေနဲ့လူမှုကူရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Photo- CJ

ဆက်စပ် သတင်းများ

Most read