Homeပြည်တွင်းသတင်းပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရတဲ့ မန္တလေးသတင်းထောက် ကိုဝင်းနိုင်ဦး ပြန်လွတ်

ပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရတဲ့ မန္တလေးသတင်းထောက် ကိုဝင်းနိုင်ဦး ပြန်လွတ်

မေ၊ ၂၀၂၅

ပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရတဲ့ မန္တလေးအခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦးဟာ မြင်းခြံထောင်ကနေ ဧပြီ ၆ ရက်နေ့မှာ ပြန်လွတ်လာပြီလို့ မန္တလေးသတင်းလောကကနေ စုံစမ်းသိရပါတယ်။

ကိုဝင်းနိုင်ဦးကိုအိုးဘိုထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်ပုဒ်မ ၅၂ နဲ့၂၀၂၂ ခုနှစ်၊ ဧပြီ ၅ ရက်မှာ ထောင်ဒဏ် ၅ နှစ် စီရင်ချက်ချခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်မှာ

ကိုဝင်းနိုင်ဦးကို ဇနီးဖြစ်သူနဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ပတ်ဝန်းကျင်အကြာမှာ ဇနီးဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ကနဦးမှာသတင်းထောက်ဖြစ်တဲ့ ကိုဝင်းနိုင်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံခဲ့ရပေမဲ့ အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံတရားစွဲခံရပြီး စီရင်ချက်ချခံ ခဲ့ရတာဖြစ်ပါတယ်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM) ကတော့ ပြည်တွင်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ ၂၀၂၅ ခုနှစ်၊ မေ ၃ ရက်အထိ သတင်းမီဒီယာသမား ၄၀ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးအကျဉ်းချထားတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read