Homeပြည်တွင်းသတင်းပုဏ္ဏားကျွန်း ယိုးငူကျေးရွာဈေးကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁၇ ဦး သေဆုံး

ပုဏ္ဏားကျွန်း ယိုးငူကျေးရွာဈေးကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁၇ ဦး သေဆုံး

၂၄ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ယိုးငူကျေးရွာဈေးကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီ ၇ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ကနဦး ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဈေးရောင်း ဈေးဝယ်နေကြတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ ကလေးငယ်တွေ အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံး ခဲ့ပြီး ၁၄ ဦး ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယိုးငူကျေးရွာအတွင်း အပြစ်မဲ့အရပ်သားတွေ သေဆုံးမှု၊ ဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်အချက်အလက်တွေကို ထပ်မံ အတည်ပြုပြီး ဆက်လက်တင်ပြသွားမယ် လို့ AA ဘက်က ပြောထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး