Homeပြည်တွင်းသတင်းပုဇွန်တောင်မြို့နယ် ၉ ရပ်ကွက်ရုံးမှာ ဗုံးတွေ့ဟုဆို

ပုဇွန်တောင်မြို့နယ် ၉ ရပ်ကွက်ရုံးမှာ ဗုံးတွေ့ဟုဆို

၂၂ ဩဂုတ် ၂၀၂၅

ပုဇွန်တောင်မြို့နယ်၊ ၉ ရပ်ကွက်ရုံးမှာဒီနေ့ ဩဂုတ်လ ၂၂ ရက် မနက်ပိုင်းက ဗုံးတွေ့ရှိခဲ့တယ်လို့ ပုဇွန်တောင် မြို့နယ် Scout အဖွဲ့တွေထံကနေ သိရပါတယ်။

မနက် ၁၀ နာရီခွဲလောက်မှာ DC ၂ စီး၊ ဆလွန်း ၁ စီးနဲ့ စစ်ကော်မရှင်တပ်သားတွေ ပုဇွန်တောင်မြို့နယ် ၉ ရပ်ကွက်ရုံးကို ရောက်ရှိလာပြီးနောက် မနက် ၁၁ နာရီကျော်တွင် ရေကျော်လမ်း (ဗိုလ်ချုပ်လမ်းနဲ့ ဦးရွှေဂွန်းလမ်းကြား) ကို ပိတ်ချလိုက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် မနက် ၁၁ နာရီ ၄၀ ခန့်မှာ ဗုံးကို သိမ်းယူသွားကြပြီး နေ့လည် ၁၂ နာရီ ၂၀ ခန့်မှာရေကျော်လမ်းကို ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး