Homeပြည်တွင်းသတင်းပုဂံ-ညောင်ဦးမှာ သက်တမ်း ၁၀၀ ကျော်ရှိတဲ့ ရှေးဟောင်းကျောင်းဆောင်တစ်လုံး မီးလောင်ပျက်စီးခဲ့

ပုဂံ-ညောင်ဦးမှာ သက်တမ်း ၁၀၀ ကျော်ရှိတဲ့ ရှေးဟောင်းကျောင်းဆောင်တစ်လုံး မီးလောင်ပျက်စီးခဲ့

၂၃ စက်တင်ဘာ၊၂၀၂၄

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် ညောင်ဦးမြို့ အမှတ် (၃) ရပ်ကွက် ငှက်ပစ်တောင်ရပ် ရှိ ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်းရှိ နှစ် ၁၀၀ ကျောင်သက်တမ်းရှိ ရှေးဟောင်းနှစ်ထက်ကျောင်းဆောင်တစ်လုံး စက်တင် ဘာလ ၂၁ ရက်နေ့က မီးလောင်ပျက်စီးခဲ့တယ်လို့ ညောင်းဦးမြို့နယ် မီးသက်တပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါ တယ်။

မြို့နယ်မီးသက်တပ်ဖွဲ့အနေနဲ့ ဖြစ်စဉ်နေရာသို့ ၃ မိနစ်အတွက်းရောက်ခဲ့ပေမယ့် ကျောင်းဆောင်မှာ ရေနံဝနေ သော နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိကျောင်းဆောင်တစ်လုံးဖြစ်တာကြောင့် မီးကူးစက်မှုနှုန်း မြန်ဆန်လွန်းခဲ့ပြီ မိမိတို့တပ်ဖွဲ့ရောက်ရှိချိန်တွင် ကျောင်းဆောက်မှာ လောင်ကျွမ်းနေပြီးဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူ/တိရိစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်းနဲ့ မည့်သည့်အကြောင်းကြောင့် မီးလောင် တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

ပုံစာ – နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းနှစ်ထပ်ကျောင်းဆောင် မီးလောင်နေမှု

Photo – ညောင်ဦးမြို့နယ် မီးသက်တပ်ဖွဲ့

ဆက်စပ် သတင်းများ

Most read