Homeပြည်တွင်းသတင်းပါတီဆိုင်းဘုတ်တွေ ဖျက်စီးတယ်ဆိုပြီး လူငယ် ၄ ယောက်ကို စစ်ကော်မရှင် စွပ်စွဲဖမ်းဆီး

ပါတီဆိုင်းဘုတ်တွေ ဖျက်စီးတယ်ဆိုပြီး လူငယ် ၄ ယောက်ကို စစ်ကော်မရှင် စွပ်စွဲဖမ်းဆီး

၁၅ နိုဝင်ဘာ ၂၀၂၅

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ထဲကပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်စီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကော်မရှင်က လူငယ် ၄ ယောက်ကို ဖမ်းဆီးထားပါတယ်။

သူတို့ကို နိုဝင်ဘာ ၁၄ရက် မနက် ၃ နာရီလောက်က ပါတီမဲဆွယ်ဆိုင်းဘုတ်တွေကို ဖျက်စီးတယ်ဆိုပြီး ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှအကာအကွယ် ပေးရေးဥပဒေ ပုဒ်မ၂၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေက တော့ သင်္ဃန်းကျွန်း မြို့နယ်က ကိုရွှေလင်းဦး၊ ကိုစွမ်းထက်အောင်၊ ကိုခိုင်မင်းကိုနဲ့ ကိုချစ်လင်းကိုတို့ ဖြစ်​ပြီး သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မက အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၇ နှစ်အထိကျခံရ နိုင်ပြီး ငွေဒဏ်လည်းချမှတ်ခံရနိုင်််််ပါတယ်။

ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှအကာအကွယ် ပေးရေးဥပဒေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်မှတ်ရေးထိုးပြီးနောက် ၃ လအတွင် ဖမ်းဆီးခံရသူ ၁၀၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး