ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း က အရွယ်ရောက်ပြီးသူ လူငယ်တွေအနေနဲ့ ပလက်ဝဒေသပြင်ပထွက်ခွာတာကိုကန့်သတ်လိုက်တယ်လို့ Chinland Defense Force- Paletwa(CDF- Paletwa)အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီ ထုတ်ပြန်ချက်မှာ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်တွေကလွဲရင် ပလက်ဝဒေသပြင်ပထွက်ခွာတာကိုကန့်သတ်လိုက်တယ်လို့ဆိုထားပါတယ်။
အရွယ်ရောက်ပြီးသူ လူငယ်လူ ရွယ်တွေကို ပလက်ဝဒေသ ပြင်ပထွက်ခွင့် ကန့် သတ်ရတာဟာ Chinland Defense Force – Paletwa (CDF – Paletwa ) တပ်ဖွဲ့မှာ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါဟာ ဒေသကာကွယ်ရေးတာဝန်ထမ်းဆောင်ရေးဟာ ပြည်သူတိုင်းရဲ့သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်တယ်လိုလည်း ဖော်ပြထားပါတယ်။
ဓာတ်ပုံ- CDF


