တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေ အလုပ်လုပ်နိုင်ဖို့ အတွက် အလုပ်သမားမှတ်ပုံတင် ပန်းရောင်ကတ်ထုတ်ပေးတာကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းမယ့် မူဝါဒတွေထဲမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေ အလုပ်လုပ်နိုင်အောင် မှတ်ပုံတင်ပေးမယ့်အစီအစဉ်ပါဝင်ပါတယ်။
မူလက အဲဒီအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်နိုင်မယ်လို့ ခန့်မှန်းထားခဲ့တာဖြစ်ပေမယ့် အခုတော့ ယာယီရပ်ဆိုင်းလိုက်တာပါ။
နယ်စပ်ဒေသတွေမှာ မတည်မငြိမ်ဖြစ်နေတာတွေကြောင့် ခုလို ယာယီရပ်ဆိုင်းလိုက်ရတာဖြစ်ပြီး ပြန်လည်စတင်မယ့် ရက်ကို ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


