Homeပြည်တွင်းသတင်းပန်းရောင်ကတ်(ဘတ်)လျှောက်ထားသူများ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အမည်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း မြန်မာသံရုံးကြေညာ

ပန်းရောင်ကတ်(ဘတ်)လျှောက်ထားသူများ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် အမည်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း မြန်မာသံရုံးကြေညာ

၂၄ ဒီဇင်ဘာ၊၂၀၂၄

ထိုင်းနိုင်ငံအတွင်းက တရားမဝင်မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် ကတ်ဖြစ်တဲ့ ပန်းရောင်ကတ်(ဘတ်) လျှောက်ထားသူတွေအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အမည်စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ ဘန်ကောက် မြန်မာသံရုံးကထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ အလုပ်အကိုင်ဦးစီးဌာနရဲ့ စီမံခန့်ခွဲမှုအရ ပန်းရောက်ကတ်လျှောက်ထားသူတွေအနေနဲ့ ပထမအဆင့် “အလုပ်ရှင် ငှားရမ်းမှုလိုအပ်ချက်ဆိုင်ရာ အမည်စာရင်းတင်သွင်းခြင်း” အမည်စာရင်း (name list) တင် သွင်း ခြင်းလုပ်ငန်းစဉ်ကို ၁၆-၁၂-၂၀၂၄ ရက်မှ ၃၀-၁၂-၂၀၂၄ ရက် အထိ ၁၅ ရက် ကာလဖြစ်တယ်လို့ ဆိုပါတယ်။

နာမည်စာရင်းပေးသွင်းပြီးနောက် ကျန်းမာရေးအာမခံနဲ့ကျန်းမာရေးစစ်ဆေးတာ၊အလုပ်လုပ်ကိုင်ခွင့် ပါမစ် လျှောက်တာ၊စာရွက်စာတမ်းစစ်ဆေးတာနဲ့အလုပ်ခွင့်ပြုချက်ဆောင်ရွက်တဲ့အဆင့်တွေအတွက် အချိန် ၄ လ ကျော်ကြာမြင့်မှာဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်တွေပြီးပါက ၂၀၂၆ ခုနှစ် မတ်လကုန်အထိ အလုပ်လုပ်ကိုင်ခွင့် တစ်နှစ်တာရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ မဖြစ်မနေမို့သာ လျှောက်နေကြရတာ သူများနိုင်ငံဆိုတော့လည်းလိုအပ်တာလုပ်ရတာပေါ့ ဘတ်လုပ်ရ တဲ့စျေးကတော့ ကြားကြမှာပဲ စျေးတွေက အစိုးရစျေးကအဲ့လောက်မဟုတ်ဘူး အပြင်ပေါက်စျေးက သာမာန် လက် လုပ်လက်စားတစ်ယောက်လုပ်ဖို့အတွက် မလွယ်တဲ့ ပမာဏမှာရှိနေပါတယ် လုပ်ပေးနေတဲ့ မြန်မာ အကျိုးဆောင်တွေကိုလည်းပြောချင်ပါတယ် စျေးလေးထိန်းယူပေးကြဖို့”ပါလို့ မဲဆောက်နေ မြန်မာရွေ့ ပြောင်း အလုပ်သမားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လက်ရှိ မြေပြင်အကျိုးဆောင်စျေးကွက်အတွင်း ပန်းရောက်ကတ်လျှောက်ထားမှုအတွက် ကုန်ကျစရိတ်မှာ ဘတ်ငွေ ၈၀၀၀ မှ ၁၃၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေတယ်လို့လည်း သူကဆိုပါတယ်။

မြန်မာလုပ်သားအများစုအနေနဲ့ အကျိုးဆောင်ကုမ္ပဏီ၊ အကျိုးဆောင်အဖွဲ့အစည်း၊ အကျိုးဆောင် ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းဖြစ်တာကြောင့် ငွေကြေးလိမ်လည်မှုတွေဖြစ်ပေါ်နေတာရှိနေပြီး ယုံကြည် ထိုင်း ရောက်မြန်မာလုပ်သားတွေအနေနဲ့ စိတ်ချရတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို လေ့လာရှာ ဖွေဆောင် ရွက်ကြရန် သတိပေးလို့ ဘန်ကောက်မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

Photo – Myanmar Embassy Bangkok

ဆက်စပ် သတင်းများ

Most read