Homeပြည်တွင်းသတင်းပန်းချီဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန်

ပန်းချီဆရာကြီး ဦးလွန်းကြွယ် ကွယ်လွန်

အောက်တိုဘာ ၂၀၂၅

ရန်ကုန်မြို့ ရွှေပေါက်ကံ တောင်ငူလမ်းမှာနေထိုင်တဲ့ ပန်းချီဆရာကြီး ဦးလွန်းကြွယ်ဟာ ယမန်နေ့ အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းမှာကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။

ဆရာကြီး ဦးလွန်းကြွယ်ရဲ့ ဈာပနကို ဒီကနေ့ အောက်တိုဘာ ၂ ရက် မွန်းလွဲပိုင်း

မှာ ရေဝေးသုဿန်မှာ သင်္ဂြိုဟ်ဖို့ စီစဉ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေတဆင့်သိရပါတယ်။

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က အနုပညာသက်တမ်း ၇၈ နှစ်ပြည့်နဲ့ မွေးနေ့ပွဲကို Artist Life Art Gallery မှာ ပြုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။

ဆရာဦးလွန်းကြွယ်ဟာ မြန်မာအမျိုး သမီးကချေသည်ပုံ၊ ကျေးလက်ဓလေ့တွေကို အဓိကပုံဖော်ရေးဆွဲသူဖြစ်ကာ ပန်းချီနဲ့ ပတ်သက်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ လည်းရရှိထားသူဖြစ်တယ်လို့ သိရပါတယ်။

ဆရာကြီး ကွယ်လွန်သွားတဲ့အပေါ် ပန်းချီဆရာ အသိုင်းအဝိုင်းနဲ့ ၊ ပန်းချီချစ်မြတ်နိုးသူတွေက ဝမ်းနည်းကြောင်းကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နာကနေ ရေးသားဖော်ပြနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး