Homeပြည်တွင်းသတင်းပန်လုံမြို့မှာ “ဝ” တပ်ဖွဲ့ရဲ့ ခွေးရှင်းလင်းရေး လုပ်ဆောင်မှု ဒေသခံတွေ ဝေဖန်

ပန်လုံမြို့မှာ “ဝ” တပ်ဖွဲ့ရဲ့ ခွေးရှင်းလင်းရေး လုပ်ဆောင်မှု ဒေသခံတွေ ဝေဖန်

၂၂ အောက်တိုဘာ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်ခရိုင်၊ ပန်လုံမြို့အတွင်းမှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ခွေး အကောင်ရေ ရာနဲ့ချီသတ်ဖြတ်ကာ ရှင်းလင်းရေးလုပ်ဆောင်မှုအပေါ် ဒေသခံ ပြည်သူတွေက ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

UWSA တပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ ပန်လုံမြို့အတွင်း ခွေးရှင်းလင်းရေးလုပ်ဆောင်ဖို့အတွက် လိုက်လှံကြည့်ရှုခဲ့ပြီး တစ်ပတ်အတွင်း ခွေးအကောင်ရေ ရာနဲ့ချီရှင်းလင်းခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ပန်လုံမြို့ ခွေးရှင်းလင်းရေးနဲ့ ပတ်သက်လို့ UWSA မှ ထုတ်ပြန်ချက် တစုံတရာထုတ်ပြန်ထားခြင်း မရှိသေးဘူးပဲ လုပ်ဆောင်ခဲ့တာလို့သိရပြီး လမ်းမှာတွေ့သမျှခွေးအားလုံးကို အကုန်သက်သွားတာဖြစ်တယ်လို့လည်း သိရ ပါတယ်။

ဒီလိုလုပ်ဆောင်မှုကြောင့် မြို့အတွင်းနေအိမ်တွေရှိ ပြည်သူတွေမွေးမြုုထားတဲ့ အိမ်မွေးခွေးတစ်ချို့လည်း သုတ်သင်တဲ့အထဲတွင်ပါဝင်နေတာကြောင့် ဒေသခံတွေက UWSA တပ် အပေါ် ပြောဆိုဝေဖန်မှု တွေလည်းရှိ နေတယ်လို့ သိရပါတယ်။

ဟိုပန်မြို့ နဲ့ ပန်လုံမြို့ကို မြောက်ပိုင်းညီနောင် မဟာမိတ်တပ်တွေက သိမ်းယူထားတာဖြစ်ပြီး UWSA ကယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ လွှဲပြောင်းရယူထားခဲ့တာလည်းဖြစ်ပါတယ်။

Photo – MDY PDF

ဆက်စပ် သတင်းများ

Most read