Homeပြည်တွင်းသတင်းပင်လည်ဘူးမှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ၊ ဘိန်းမဲတွေကို NUG ဦးဆောင် ဖျက်ဆီး

ပင်လည်ဘူးမှာ ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ၊ ဘိန်းမဲတွေကို NUG ဦးဆောင် ဖျက်ဆီး

၁၆ အောက်တိုဘာ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးအပြီးမှာ စစ်ကောင်စီတပ်သားတွေဆီက သိမ်းဆည်း ရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတဲ့အခမ်းအနားကို NUG၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန် ဦးဆောင် တဲ့အဖွဲ့ဟာ ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အောက်တို ဘာ ၁၅ မှာ သတင်းထုတ်ပြန်ပါတယ်။

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ သိမ်းဆည်းရရှိခဲ့တဲ့ ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၅၂) ခွက်၊ ဘိန်းဖြူထုတ် (၁၂၈၅) ထုတ်နဲ့ ဘိန်းမဲ ၁၈ထုတ် (တထုတ်လျှင် ၁ ပိဿာ ခန့်မှန်း) တို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG က ကြေညာပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုမှုအရ ဖမ်းဆီး ရရှိထားတဲ့ စစ်သုံ့ပန်းတွေကို မေးမြန်းရာမှာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက်နိုင်တယ်လို့ ဝန်ခံကြတယ်လို့ သိရပါတယ်။

အခု သိမ်းဆည်းရရှိတဲ့ပမာဏမှာ စစ်သားတွေဟာ မူးယစ်ဆေးကို ကိုယ်တိုင်သုံးစွဲတဲ့အပြင် ရောင်းဝယ်ဖောက် ကားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ သိမ်းပိုက်ရရှိထားတဲ့ မြို့၊ ရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး NUG ကတာဝန်ပေးထားတဲ့ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေရဲ့ မဟုတ်မမှန်တဲ့ လုပ်ဆောင်ခြင်းတွေကို တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပုံစာ – ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောက်စီတပ်ထံမှ ရရှိသည့် မူးယစ်ဆေးများအား မီးရှို့ဖျက်ဆီးစဉ်

Photo – NUG – ကာကွယ်ရေးဝန်ကြီးဌာန

ဆက်စပ် သတင်းများ

Most read