Homeပြည်တွင်းသတင်းပခုက္ကူနှောကုန်းရွာကို စစ်ကြောင်းထိုးရင်း အမျိုးသမီး ၃ ဦးကို ပစ်သတ်ပြီး ရွာထဲကအိမ်အကုန်နီးပါး စစ်ကောင်စီ မီးရှို့ဖျက်ဆီး

ပခုက္ကူနှောကုန်းရွာကို စစ်ကြောင်းထိုးရင်း အမျိုးသမီး ၃ ဦးကို ပစ်သတ်ပြီး ရွာထဲကအိမ်အကုန်နီးပါး စစ်ကောင်စီ မီးရှို့ဖျက်ဆီး

၁၅ နိုဝင်ဘာ၊ ၂၀၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို နိုဝင်ဘာ ၁၄ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းဝင်လာပြီး အမျိုးသမီး ၃ ဦးကို သေနတ်နဲ့ ပစ်ခတ်ကာ အိမ် ၁၈၇ လုံးကို မီးရှို့ဖြတ်ဆီးခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။

ရွာမှာ အိမ်ခြေ ၂၀၀ ရှိပြီး ရွာထဲက လူနေအိမ် အကုန်လုံးနီးပါး ပါသွားတာပါ။ ရွာကို စီးနင်းဝင်ရောက်လာချိန်မှာ ပစ်ခတ်၊မီးရှို့ခဲ့တာကြောင့် ရွာထဲက အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ နှောကုန်းရွာကို နိုဝင်ဘာလ ၅ ရက် ညနေပိုင်းကလာရောက်ပြီး စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ဦးမောင်မင်းစိန်ဆိုသူကို ဖမ်းဆီးပြီး ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

မီးရှို့ဖျက်ဆီး၊ ပစ်ခတ်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နှောကုန်းရွာကနေ စစ်ကောင်စီတပ်စွဲထားတဲ့ ရွှေတန်းတစ်ရွာ နဲ့ ဆင်မင်းရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ပခုက္ကူအခြေစိုက် ခလရ ၂၅၉ နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ ပခုက္ကူနယ်ထဲက ရွာတွေကို အောက်တိုဘာ ၂၁ ရက်ကစပြီး စစ်ကြောင်းထိုးနေတာပါ။ ဒီစစ်ကြောင်းကြောင့် မနေ့က မီးရှို့ခံရတဲ့ နှောကုန်း၊ ရွှေတန်းတစ် ၊ဆင်မင်း ရွာ၊ ကွန်းရွာ၊ ဒေါင်းစားရွာ ၊ ကင်မွန်းခါးရွာ ၊ ဘုရားကုန်းရွာ ၊ ဆိတ်ကမ်းသာယာရွာတွေအပါအဝင် ရွာ ၁၅ ရွာက စစ်ရှောင် ၇၀၀၀ ဝန်းကျင် တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီရေးဆောင်ရွက်နေသူတွေက ပြောဆိုပါတယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read