Homeပြည်တွင်းသတင်းပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့အဖွဲ့ကို လက်နက်ကိုင်အဖွဲ့ တဖွဲ့က ဖမ်းဆီးထား

ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့အဖွဲ့ကို လက်နက်ကိုင်အဖွဲ့ တဖွဲ့က ဖမ်းဆီးထား

၂၀ နိုဝင်ဘာ ၂၀၂၅

မကေ့းတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ရေစကြို- ပခုက္ကူလမ်း ကျောက်လှေခါးကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၈ ရက်က ပခုက္ကူနည်းပညာတက္ကသိုလ်တာဝန်ခံကျောင်းအုပ်ကြီးနဲ့အဖွဲ့ဟာ လက်နက်ကိုင်အဖွဲ့ တဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပခုက္ကူနည်းပညာတက္ကသိုလ်တာဝန်ခံကျောင်းအုပ်ကြီးဒေါက်တာမြမြမွှေး၊ ခင်ပွန်းဖြစ်သူဦးသက်ကိုမောင်၊ နည်းပညာတက္ကသိုလ် အမှုတွဲထိန်း ဦးသန်းလွင် နဲ့ တူတော်စပ်သူ ကိုမင်းကိုချစ်တို့အဖွဲ့ဟာပခုက္ကူခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီရုံးမှာ အစည်းအဝေးပွဲ တက်ရောက်ပြီးအပြန်လမ်းမှာဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“ကျောင်းအုပ်ဆရာမကြီးနဲ့ အဖွဲ့ကို စောင့်ဖမ်းသွားတာလို့ သိရတယ်။ သတင်းကြိုရဖို့ စောင့်ဖမ်းတယ်လို့ ပြောနေကြတယ်။”လို့ ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

လက်ရှိအချိန်ထိ ပခုက္ကူနည်းပညာတက္ကသိုလ်တာ ဝန်ခံကျောင်းအုပ်ကြီးနဲ့အဖွဲ့ကို ဘယ်အဖွဲ့က ဖမ်းဆီးသွားတာဆိုတာကို မသိရသေးသလို ပြန်လည်လွတ်မြောက်လာတာလည်း မရှိသေးဘူးလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး