နှလုံးရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ဒေါ်အောင်ဆန်းစုရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ် စိုးရိမ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ စက် တင်ဘာ ၅ ရက်မှာအရေးပေါ် ကြေညာလာခဲ့ပါတယ်။
သူ့ရဲ့ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆေးကုသခွင့်ခံယူဖို့လိုအပ်နေတာကြောင့် နှလုံးအထူးကုဆရာဝန်ကိုတွေ့ချင်တယ်လို့ တောင်းဆိုထားတယ်လို့ဆိုထားပေမယ့် စစ်ကော်မရှင်ဘက်က ကျန်းမာရေးစောင့်ရှောက်မှုပေးတာ မပေးတာကိုတော့ တိတိကျကျ ပြောဆိုထားတာမရှိပါဘူး။
ကိုထိန်လင်းက “ကျွန်တော့်မိခင် ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၈၀ ရှိပြီဖြစ်ပြီး နှလုံးပိုင်းဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာနေသည်ဟု ကြားသိရသည်။ မေမေက နှလုံးအထူးကုဆရာ ဝန်ကို တွေ့ချင်ကြောင်း တောင်းဆိုထားသော်လည်း မေမေဘယ်နေရာမှာ ထိန်း သိမ်းခံထားရသည်၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရသည် မည်သူမျှ မသိနိုင်ပါ။” လို့ ဆိုထားသည်။
ဒီလိုလုပ်ရပ်ဟာ အင်မတန် လူမဆန်ရက်စက်လွန်းတဲ့ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်းဆိုထားပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးရမည်ဖြစ်သလို ဒီတောင်း ဆိုချက်ဟာမြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
စစ်ကော်မရှင်ဟာ ၂၀၂၁ခုနှစ် ဖေဖော် ဝါရီ ၁ရက်နေ့မှာ ၂၀၂၀ပြည့် ရွေးကောက်ပွဲမှာ မဲမသမာမှု ပြုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းယူခဲ့ပြီး၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မတွေနဲ့ ထောင် နှစ်၂၀ကျော်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ တော်သမ္မတဦးဝင်းမြင့်အပါ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးဖို့ စစ်ကော် မရှင်ကို တောင်းဆိုထားပေမဲ့ အခုအချိန်အထိ လျစ်လျူရှုခံထားရပါတယ်။
ဓာတ်ပုံ- ကိုထိန်လင်း ဖေ့စ်ဘွတ်


