Homeပြည်တွင်းသတင်းနှစ်လအတွင်း လွတ်လပ်စွာပြောဆိုခွင့်ချိုးဖောက်ခံခဲ့ရသူ ဦးရေ (၃၂) ဦးအထိရှိလာ

နှစ်လအတွင်း လွတ်လပ်စွာပြောဆိုခွင့်ချိုးဖောက်ခံခဲ့ရသူ ဦးရေ (၃၂) ဦးအထိရှိလာ

၂၂ ဇန်နဝါရီ၊ ၂၀၂၅

၂ဝ၂၄ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလနှစ်လအတွင်း လွတ်လပ်စွာပြောဆိုခွင့်ချိုးဖောက်ခံရပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူ ၃၂ ဦး ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးလှုပ်ရှားနေတဲ့ အသံအဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူအများစုမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ အရေးယူခံထားရပြီး အများစုမှာ သာမန်အရပ် သားပြည်သူတွေဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အမျိုးသား (၃၀) ဦး နဲ့ အမျိုးသမီးနှစ်ဦးဖမ်းဆီးထိန်း သိမ်းခံခဲ့ရပြီး ဖမ်းဆီးခံရသူတွေထဲမှာ အရပ်သား၂၉ ဦး၊ ဘာသာရေးခေါင်းဆောင် တစ်ဦး၊ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးနဲ့ အသက်မပြည့်သူတစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှုတွေကြောင့် ဧရာဝတီတိုင်းက ၂၁ ဦးနဲ့ အများဆုံးဖမ်းဆီးခံထားရပြီး ရန်ကုန်တိုင်းက သုံးဦး၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တွေက နှစ်ဦးစီနဲ့ တနင်္သာရီတိုင်းက တစ်ဦး ပါဝင်တယ်လို့ လည်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်တွင်လူမှုစီးပွားဘဝ ထိုးဆင်းလာခြင်း၊ လူထုအထွေထွေ အကျပ်အတည်း ကြီးမားလာသည်နှင့်အမျှ စစ်ခေါင်းဆောင်များကို ဝေဖန်ခြင်း၊ သရော်စာရေးခြင်း နဲ့ နိုင်ငံရေးထုတ်ဖော်ပြောဆိုမှုတွေလွတ်လပ်စွာပြောဆိုခွင့်ကို ဆင်ဆာဖြတ်တောက်နေသည့်ကြားကပင် အခုလိုရေးသာသူတွေ ပေါ်ပေါက်လာတာဖြစ်တယ်လို့လည်း အသံအဖွဲ့က ဆိုပါတယ်။

Photo – Athan

ဆက်စပ် သတင်းများ

Most read