Homeပြည်တွင်းသတင်းနှစ်ပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ကျော်သေဆုံး

နှစ်ပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ကျော်သေဆုံး

၁၄ ဇန်နဝါရီ၊၂၀၂၅

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှစ်ပတ်အတွင်း အရပ်သားပြည်သူ ၅သ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

AAPP က ကောက်ယူထားတဲ့စာရင်းတွေအရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃၀) ဦးနဲ့ အမျိုးသား (၂၂) ဦး စုစုပေါင်း (၅၂) ဦး သေဆုံးခဲ့တာကို အမည် နဲ့ တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆုပါသေဆုံးသူအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၁) ဦး ပါဝင်ကြောင်းနဲ့ သေဆုံးမှုအများဆုံးမှာ ရခိုင်ပြည်နယ်က (၃၁) နဲ့ အများဆုံးဒေသဖြစ်ပြီး ကချင်ပြည်နယ်က (၁၇) ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့လည်း သိရပါတယ်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်တွေဟာ အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့လည်း AAPP က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်ကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ စံလွန်ကျေးရွာရှိ ရွှေမှော်(ရွှေတူးဖော်ရေးလုပ်ငန်းခွင်)ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် ထိုကျေးရွာရှိ ဈေးဆိုင်တန်းများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁ နှစ်နဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၁၅ ဦး ဗုံးစထိမှန်၍ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

Photo – KnHRG

ဆက်စပ် သတင်းများ

Most read