Homeပြည်တွင်းသတင်းနောင်ချို နဲ့ သီပေါမြိုနယ်တွေကို စစ်ကောင်စီက နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု (၄၇) ကြိမ် ပြုလုပ်ခဲ့

နောင်ချို နဲ့ သီပေါမြိုနယ်တွေကို စစ်ကောင်စီက နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု (၄၇) ကြိမ် ပြုလုပ်ခဲ့

၁၅ ဩဂုတ်၊၂၀၂၄

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်ပြီး ရက်(၅၀)ပြည့်နဲ့ (၅၁)ရက်မြောက်နေ့တွေမှာ စစ်ကောင်စီက နောင်ချိုနဲ့ သီပေါမြိုနယ်တွေမှာ လေကြောင်းတိုက်ခိုက်မှု (၄၇) ကြိမ် ပြုလုပ်ခဲ့တယ်လို့ TNlA က ထုတ်ပြန်ပါတယ်။

လက်ရှိ TNLA အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တောင်ခမ်းနဲ့ နောင်လင်ရွာမှ တပ်မ(၉၉) လက်အောက် ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာ နချုပ် လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားလျှက်ရှိတယ်လို့ သိရပါတယ်။

အလားတူ တပ်မဟာ (၂)နယ်မြေ သီပေါမြို ခလရ (၂၃) တပ်စခန်းနေရာမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွား လျက်ရှိပြီး စစ်ကောင်စီတပ်က Jet Fighter နဲ့ (၄)ကြိမ်၊ Y-12 ထောက်ပိုလေယာဉ်နဲ့ (၁၆)ကြိမ် ဗုံး(၁၂၄)လုံး လာရောက်ကြဲချခဲ့တယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး နောင်ချိုမြိုနယ်တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က Y-12 ထောက်ပိုလေယာဉ်နဲ့ (၁) ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချခဲ့သလို ဩဂုတ်လ ၁၄ ရက်နေ့ တစ်ရက်အတွင်း လေကြောင်းတိုက် ခိုက်မှု (၂၁) ကြိမ်ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ (၁၃) ရက်နေ့တွင်လည်း စစ်ကောင်စီက နောင်ချိုနဲ့ သီပေါမြို့နယ်တွေအတွင်းကို တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု (၂၆) ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပြီး အရပ်သားထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပုံစာ (ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံတစ်ချို့ သေဆုံးခဲ့ပုံ)

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read