၂၀ နိုဝင်ဘာ၊၂၀၂၄
TLNA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြိုနယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြား စက်ရုံကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား (၁)ဦးထိမှန်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၇း၃၀)အချိန်က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့သလို အဆောင်တစ်ချို့ ထိမှန် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ထိုအပြင် နောင်ချိုမြိုနယ် လုံစံကျေးရွာကိလည်း နိုဝင်ဘာလ (၁၆)နေ့က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မခဲ့တာကြောင့် အသက် (၁၂ )နှစ်အရွက် ကလေးငယ် (၁)ဦး သေဆုံးပြီး အရပ်သား (၃)ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်းလည်း နောင်ချိုမြိုအတွင်းကို စစ်ကောင်တပ်က ဂျက်ဖိုက် တာနဲ့ ပေါင်း (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရ ရှိခဲ့တယ် လို့လည်း သိရပါတယ်။
ပုံစာ – စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နောင်ချိုဆင်းရွှေလီသကြား စက်ရုံ
Photo – PSLF/TNLA