Homeပြည်တွင်းသတင်းနောင်ချိုမှာ ရွေးကောက်ပွဲလုပ်ဆောင်သွားမယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

နောင်ချိုမှာ ရွေးကောက်ပွဲလုပ်ဆောင်သွားမယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

၂၂ ဇူလိုင် ၂၀၂၅

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချို့မြို့နယ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်တာကြောင့် ဒေသတွင်းနေထိုင်တဲ့သူတွေ မဲပေးနိုင်ဖို့လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်းတွေ ကို အမြန်ဆုံးလုပ်ဆောင်ပေးမယ်လို့ ဒု စစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားခဲ့ပါတယ်။

မနေ့က ဇူလိုင် ၂၁ ရက်မှာ စစ်ကောင်စီပြန်လည်ထိန်စချုပ်ထားတဲ့ နောင်ချိုမြို့ကို ဒုစစ်ခေါင်းဆောင်သွားရောက်ခဲ့ပြီး၊ဒေသခံတွေနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီခရီးစဉ်အတွင်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားတွေအမြန်ပြန်လည်ပတ်နိုင်ဖို့၊ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေ မဲပေးခွင့်မဆုံးရှုံးစေဖို့နဲ့ကြိုတင်စီစဉ်ဆောင်ရွက်ထားဖို့ မှာကြားခဲ့ပါတယ်။

တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော်(-TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်-PDF ပူးပေါင်းအဖွဲ့တွေက တစ်နှစ်နီးပါးအကြာတိုက်ခိုက်သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ယခုဇူလိုင်လတတိယပတ်အတွင်း သိမ်းယူပြီးနောက်မှာ ဒေသခံတွေကို မဲပေးခွင့်ရ‌ဖို့ဆိုပြီး စတင်မဲဆွယ်ခဲ့တာဘဲ ဖြစ်ပါတယ်။

အခု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းမှာရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကောင်စီဟာ ကြိုးစားနေပြီး၊ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာလည်း မှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်းကို ပန်းခင်စီမံချက်အမည်နဲ့ လုပ်ပေးတာ၊ စည်းရုံးမယ်ဆွယ်တာတွေကို လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ဓာတ်ပုံ- စစစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး