၂၁ ဇန်နဝါရီ၊ ၂၀၂၅
TNLA တပ်တွေ ထိန်းသိမ်းထားတဲ့ နောင်ချိုမြို့နယ်မှာ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအနီးကို ဒီနေ့ နေ့လည် (၂)နာရီအချိန်မှာ စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။
အခုလို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁)လုံးနဲ့ စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ် ပန်ပေါက်ရွာ တိုးဂိတ်အနီးမှာ ညနေ (၃)နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဓာတ်ပုံ – PSLF/ TNLA