Homeပြည်တွင်းသတင်းနောင်ချိုမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သံဃာတော် (၁)ပါးပျံလွန်ပြီး ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရ

နောင်ချိုမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သံဃာတော် (၁)ပါးပျံလွန်ပြီး ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရ

၂၇ နိုဝင်ဘာ၊၂၀၂၄

ရှမ်းဲပည်နယ် မြောက်ပိုင်း နောင်ချိုမြိုနယ် အင်းဝိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထမှန်ပြီး သံဃာတော် (၁)ပါးပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ရက်နေ့ ည (၈း၀၀)နာရီအချိန်က အင်းဝိုင်းကျေးရွာပေါ် စစ်ကောင်စီတပ်မှ လက် နက်ကြီး (၂)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောင်ချိုမြိုနယ်မှာ နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခက်မှုတွေကြောင့် ဒေသခံ(၁၈)ဦး သေဆုံးပြီး (၃၄)ဦး ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့လည့်လည်း TNLA က ထုတ်ပြပါတယ်။

နောင်ချို့မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင် ရှားနိုင်ဖို့ စစ်ရေးသတိရှိဖို့ လိုအပ်သလို ၊ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အတွင်းက TNLA အနေနဲ့ စစ်ရေးတင်းမာမှုတွေအတွက် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရန်အဆင့်ရှိနေတယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read