Homeပြည်တွင်းသတင်းနောင်ချိုမြို့အတွင်းကို စစ်ကောင်စီ Jet Fighter နဲ့ ပေါင် (၅၀၀)ဗုံး ၄ လုံး ကြဲချတိုက်ခိုက် နေအိမ်နဲ့ ကားတစ်ချို့...

နောင်ချိုမြို့အတွင်းကို စစ်ကောင်စီ Jet Fighter နဲ့ ပေါင် (၅၀၀)ဗုံး ၄ လုံး ကြဲချတိုက်ခိုက် နေအိမ်နဲ့ ကားတစ်ချို့ ထိမှန်ပျက်စီး

၂၃ စက်တင်ဘာ၊၂၀၂၄

နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်အတွင်းကို စစ်ကောင်စီက လေကြာင်းနဲ့ ပေါင် (၅၀၀)ဗုံး ၄ လုံး ကြဲချတိုက် ခိုက်ခဲ့တာကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်၊ကား နဲ့ဆိုင်ကယ် တစ်ချို့ ထိမှန် ပျက်စီး ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက နောင်ချိုမြို့ တဖန်ကုန်းရပ်ကွက်အတွင်းကို စစ်ကောင်စီက လေ ကြောင်း နဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ နောင်ချိုမြို့ အတွင်း လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ညစျေးတန်းအတွင်း တစ်နေရာ၊ မြို့မစျေးတွင် တစ်နေရာနဲ့ စျေးရပ်ကွက် နယ်မြေ(၄)တွင် တစ်နေရာ စုစုပေါင်း (၃)နေရာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ(၁)ဦး ဗုံး စထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နဲ့ ဆိုင်ခန်းအချိုထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လူအများအပြားသေကြေပျက်စီးစေနိုင်တဲ့ ပေါင် (၅၀၀)ဗုံးအပါအဝင် နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူ(၁၅)ဦးသေဆုံးခဲ့ပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒေသခံနေအိမ် (၂၇)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနဲ့ စာသင်ကျောင်း (၁)ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ကြန်ထားပါတယ်။။

ပုံစာ -စစ်ကောင်စီရဲ့ ပေါင် (၅၀၀) ဗုံး ထိမှန်ခဲ့သည့် နောင်ချိုမြို့ အရပ်သားပြည်သူ နေအိမ်တွေနဲ့ ယာဉ်များ
Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read