Homeပြည်တွင်းသတင်းနောင်ချိုမြို့မှာ TNLA၊ DPLA နဲ့ မဟာမိတ်တွေက ပြည်သူတွေကိုဆန်ပေးဝေ

နောင်ချိုမြို့မှာ TNLA၊ DPLA နဲ့ မဟာမိတ်တွေက ပြည်သူတွေကိုဆန်ပေးဝေ

၂၁ ဇူလိုင်၊ ၂၀၂၄

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) အဖွဲ့တွေနဲ့ မဟာမိတ်တွေပူးပေါင်းပြီးနောင်ချိုမြို့ဒေသခံတွေကို ဆန်တွေ ဝေပေးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနု

ပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)က သတင်းထုတ်ပြန်ပါတယ်။

တအာင်းလွပ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) နဲ့ မဟာမိတ်တွေဟာ နောင်ချိုမြို့ကိုထိန်းချုပ်ထားပြီး စစ်ရှောင်တွေ ပြန်လာပြီးနောက် လူသားချင်းစာနာထောက်ထားမှုအရ ဇူလိုင် ၁၉ ရက်နေ့မှာ ဆန်တွေ ဝေပေးခဲ့တာဖြစ်ပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) ဟာ ဇွန် ၂၅ ရက်နေ့ကနေ စပြီး တအာင်းတပ်၊ မန္တလေး PDF နဲ့ အခြားပူးပေါင်းတပ်ဖွဲ့တွေနဲ့ တွဲဖက်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိမှာ အင်အားထောင်ချီလာပြီလို့ ခန့်မှန်းရပါတယ်။

ဆက်စပ် သတင်းများ

Most read