Homeပြည်တွင်းသတင်းနောင်ချိုမြို့မစျေးကို စစ်ကောင်စီဗုံးကြဲ ဒေသခံ ၁၁ ဦး သေဆုံး နောင်ချိုနှင့်မိုးကုတ်မှာ လေကြောင်းတိုက် ခိုက်မှုကြောင့် တစ်ရက်အတွင်း လူ ၂၀...

နောင်ချိုမြို့မစျေးကို စစ်ကောင်စီဗုံးကြဲ ဒေသခံ ၁၁ ဦး သေဆုံး နောင်ချိုနှင့်မိုးကုတ်မှာ လေကြောင်းတိုက် ခိုက်မှုကြောင့် တစ်ရက်အတွင်း လူ ၂၀ သေဆုံး

၁၃ နိုဝင်ဘာ၊၂၀၂၄

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြို့ မြို့မစျေးကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ် (၂း၄၃)နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ နောင်ချိုမြိုမစျေး ကို ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် စျေးအနီးရှိ လန်းဆန်း လက်ဖက်ရည်ဆိုင် ကို ထိမှန်ခဲ့ပြီး ဒေသခံ (၁၁) ဦးသေဆုံးခဲ့ကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန် ထားပါ တယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအများအပြား နေအိမ် ၄ လုံးအပါအဝင် ခရီးသည်တင်ကားများလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ဗုံး (၅) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ တစ်ရက်တည်းအတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက် မှုကြောင့် ‌ဒေသခံပြည်သူ (၂၀) ဦး သေဆုံးပြီး (၂၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေး သတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေး ထုတ်ပြန် ချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း TNLA တိုက်တွန်း ပြောဆို ထားပါတယ်။

ပုံစာ – နောင်ချိုမြို့မစျေးအနီးကို နိုဝင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက်ထားမှု

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read