Homeပြည်တွင်းသတင်းနောင်ချိုမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က ချိပ်ပိတ်သိမ်းယူနေ

နောင်ချိုမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က ချိပ်ပိတ်သိမ်းယူနေ

၂၉ ဇူလိုင် ၂၀၂၅

နောင်ချိုမြို့ကို စစ်ကောင်စီတပ်တွေက ပြန်လည်ထိန်းချုပ်ပြီးနောက် TNLA နဲ့ PDF ကို ထောက်ပံ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နေအိမ်တွေကို ချိတ်ပိတ်သိမ်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောင်ချိုမြို့ကို TNLA နဲ့ PDF တွေ ထိန်းချုပ်စဉ်ကာလက နိုင်ငံဝန်ထမ်းတွေကို စစ်တပ်ထောက်ခံသူတွေကို သတ်ဖြတ်တာတွေ လုပ်ခဲ့တာရှိတယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ပါတယ်။

ဒါကြောင့် ဒီလို TNLA နဲ့ PDF တွေကို ထောက်ခံခဲ့တဲ့ သူတွေနဲ့ ကျူးလွန်သူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်သိမ်းယူတာဖြစ်တယ်လို့ ဝါဒဖြန့်ပါတယ်။

နောင်ချိုဒေသခံတွေကတော့ စစ်ကောင်စီထောက်ခံသူတွေနဲ့ ဝန်ထမ်းတွေဟာ တော်လှန်ရေးတပ်တွေ နောင်ချိုကို မသိမ်းယူစဉ်ကတည်းက ထွက်ပြေးသွားကြတာဖြစ်လို့ သတ်ဖြတ်တာတွေ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

“စစ်တပ်ထောက်ခံတဲ့ သူတွေက နောင်ချိုကို မသိမ်းခင်ကတည်းက ထွက်ပြေးသွားကြတာ။ အခု ချိပ်ပိတ်တဲ့ အိမ်တွေကိုလည်း TNLA ထောက်ခံတယ်ဆိုပြီး လုပ်တာ။ တကယ်က သူတို့ လုပ်ချင်လို့လုပ်တာပါ။”လို့ နောင်ချို ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

TNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ နောင်ချိုမြို့ကို စစ်တပ်က အင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်ခဲ့လို့ ဇူလိုင် ၁၅ ရက်မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး