Homeပြည်တွင်းသတင်းနောင်ချိုမြို့နယ်အတွင်းကို စစ်တပ်က လက်နက်ကြီးနဲ့Y-12 လေယာဉ်သုံးပြီး ဗုံးအလုံး ၂၀၀ နီးပါးပစ်ခတ် တိုက်ခိုက်

နောင်ချိုမြို့နယ်အတွင်းကို စစ်တပ်က လက်နက်ကြီးနဲ့Y-12 လေယာဉ်သုံးပြီး ဗုံးအလုံး ၂၀၀ နီးပါးပစ်ခတ် တိုက်ခိုက်

၁၇ ဖေဖေါ်ဝါရီ ၊၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးနဲ့Y-12 လေယာဉ်အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ထားပါတယ်။

နောင်ချိုမြိုနယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊ ညောင်နီကျေးရွာ နဲ့ တောင်ရွှေကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၅ရက်နေ့က တောင်ခမ်းစခန်းမှ ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄) နဲ့ တပ်ရင်း (၉၀၂)တို့မှ လက် နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါနေ့ နေ့လယ် (၂း၀၃)နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ Y-12 လေယာဥ် နဲ့ နာဆွေကျေးရွာအတွင်းကို ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၀)ရက်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံး (၂၀)ခန့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့်ဒေသခံ (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ပုံစာ-(၂၀၂၅ ခုနှစ် ဖော်ဝါရီလ (၁၀)ရက်နေ့က မိုးကုတ်မြို့ကို စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက် ထားမှုမြင် ကွင်း)

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read