Homeပြည်တွင်းသတင်းနောင်ချိုမြို့နယ်ဘိလပ်မြေစက်ရုံအနီး လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံး

နောင်ချိုမြို့နယ်ဘိလပ်မြေစက်ရုံအနီး လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံး

၂၁ ဖေဖော်ဝါရီ၊ ၂၀၂၅

နောင်ချိုမြို့နယ်၊လောက်ဖန်းရွာကို ​ဖေ​ဖော်ဝါရီ ၂၀ ရက်​ ညပိုင်းက စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံသက်ကြီးရွယ်အို အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖေဖော်ဝါရီ၂၀ရက်နေ့ ၊ ည၈နာရီခွဲလောက်မှာ လောက်ဖန်းရွာကို ပေါင်၂၅၀ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့တွက် အဖွားအိုရဲ့နေအိမ်က မြေပြိုကျပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်တွေအပါအဝင် ပြည်သူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ၁၉ရက် ညပိုင်းကလည်း နောင်ချိုမြို့ပေါ်က ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ၃ဦးသေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

အခုတိုက်ခိုက်ခံရတဲ့ လောက်ဖန်းရွာဟာ နောင်ချိုမြို့နဲ့ ပြင်ဦးလွင်မြို့ရဲ့ကြားထဲမှာရှိပြီး နာမည်ကြီးဘိလပ်မြေစက်ရုံရှိတဲ့ကျေးရွာလို့သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ အပစ်ရပ်ဆွေးနွေးနေပွဲ မအောင်မြင်ခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ TNLA ထိန်းသိမ်းထားတဲ့ဒေသတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read