Homeပြည်တွင်းသတင်းနောင်ချိုမြို့ကို ဒီနေ့မနက်မှာ စစ်ကောင်စီ လေကြောင်းနဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက် ကလေး ၂ ဦး အပါအဝင် ၃ ဦးသေဆုံး

နောင်ချိုမြို့ကို ဒီနေ့မနက်မှာ စစ်ကောင်စီ လေကြောင်းနဲ့ နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက် ကလေး ၂ ဦး အပါအဝင် ၃ ဦးသေဆုံး

၁၉ အောက်တိုဘာလ ၊၂၀၂၄

နောင်ချိုမြိုနယ်အတွင်းကို ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အချိန်က စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး(၂)ဦးအပါအဝင် (၃)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိကာ နေအိမ်(၁၇)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ယနေ့နံနက်စောစော (၅း၁၅)အချိန် နောင်ချိုမြို တောင်ရပ်ကွက်အတွင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုရပ်ကွက်ရှိ ဦးကျော်ရဲ့နေအိမ်အပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပိုင်ရှင် ဦးကျော်၊ ၎င်းရဲ့သမီး (၂)ဦးဖြစ်တဲံ မကျော်စုဝေ နဲ့ မခင်နဒီကျော်တို (၃)ဦး သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး (၅း၂၅)မိနစ်အချိန်မှယ စစ်ကောင်စီတပ်က နောက်တစ်ကြိမ်ထပ်မံလာရောက်ဗုံးကြဲတိုက်ခဲ့ပြီး ဦးပြားရဲ့ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲကာ ဦးပြားနဲ့ ၎င်းရဲ့ ဇနီး မငယ်ချော အပါအဝင် (၃)ဦး ထိခိုက်ဒဏ် ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြိုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သည် မူဆယ်မြိုမှအပ ရှမ်းမြောက်ရှိမြိုများအားလုံး လက်လွှတ်ဆုံးရှုးပြီးနောက် ရှုးမဲမဲကာ စစ်ရေးပစ်မှတ်မဟုတ်သော်လည်း ဒေသခံပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်တွေ ပျက်ပြားစေဖို့ ရည်ရွယ် ချက်ရှိရှိ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်း တင်းကျူး လွန်နေ တယ်လို့ TNLAက ပြောဆိုထားပါတယ်။

ပုံစာ -စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နောင်ချိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ နေအိမ်များ

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read