Homeပြည်တွင်းသတင်းနောင်ချိုမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ နေအိမ် (၇) လုံး ထိခိုက်ပျက်စီး

နောင်ချိုမြို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ နေအိမ် (၇) လုံး ထိခိုက်ပျက်စီး

၁၂ နိုဝင်ဘာ၊၂၀၂၄

TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြို့ကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်း ၆း၀၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀)ဗုံး ထပ်မံဗုံးကြဲမှုကြောင့် နေအိမ် (၇) လုံး ထိမှန်ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း နောင်ချိုမြို့ ရဲစခန်း၊ စျေးရပ်ကွက် အတွင်းက နေအိမ် ၄ လုံးနဲ့ တောင်ရပ်ကွက် အတွင်းက နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း နောင်ချိုမြိုနယ် မြောင်ဇီးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့မှုကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း နောင်ချိုမြိုနယ် ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်ခဲ့ တာကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် နောင်ချိုမြို့ ဒေသခံနေအိမ်များ

Photo-PSLF/TNLA

ဆက်စပ် သတင်းများ

Most read