Homeပြည်တွင်းသတင်းနောင်ချိုမြို့ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲချပြီး လက်နက်ကြီးနဲ့ မြစ်တစ်ဖက်ကမ်းက ပစ်ခတ်

နောင်ချိုမြို့ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲချပြီး လက်နက်ကြီးနဲ့ မြစ်တစ်ဖက်ကမ်းက ပစ်ခတ်

၃ နိုဝင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ တပ်မဟာ(၂) နယ်မြေ၊ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်(၅)၊ ကတ္တီပင်ဘုန်းကြီးကျောင်းအနီးမှာ နိုဝင်ဘာ ၂ ရက် ည(၈း၀၀) နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က လေကြောင်းက ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

လူနေရပ်ကွက်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၇ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

တစ်နေ့ထဲမှာ ည(၉း၀၀)ဝန်းကျင်က စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ဒုဌဝတီမြစ်တဖက်ကမ်းကနေပြီး နောင်ချိုမြို့ကို လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁ ရက် မနက် (၄း၁၃)မိနစ်မှာ တစ်ကြိမ်၊ (၄း၁၆)မိနစ်မှာ (၁)ကြိမ်၊ (၄း၂၄)မိနစ်မှာ (၁)ကြိမ် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာနဲ့ သကြားစက်ရုံတို့ကို ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ဗုံး(၆)လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read