Homeပြည်တွင်းသတင်းနောင်ချိုနဲ့ သီပေါမြိုနယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၂၆)ကြိမ် တိုက်ခိုက်

နောင်ချိုနဲ့ သီပေါမြိုနယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၂၆)ကြိမ် တိုက်ခိုက်

၁၄ဩဂုတ်၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ သီပေါမြို့တွေကို စစ်ကောင်စီတပ်က တစ်ရက်ထဲမှာဘဲ လေကြောင်းနဲ့ ၂၆ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်တဲ့ ရက်(၅၀) ပြည့်တဲ့ နေ့ဖြစ်ပြီး အဆိုပါနေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂၆) ကြိမ်ပြုလပြ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ နောင်လင်ကျေးရွာမှာ တအာင်းတပ်မတော် TNLAနဲ့ စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲဆက် လက် ဖြစ်ပွားလျက်ရှိပြီး နောင်လင်ရွာက တပ်မ(၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်း တိုင်စစ် ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၀၆)တပ်ရင်း တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး နောင်ချိုမြိုနယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၁)ကြိမ်နဲ့Y-12 ထောက် ပို့လေယာဉ်နဲ့ (၁၁)ကြိမ် ဗုံး(၈၅)လုံး လာရောက်ကြဲချခဲ့သလို တိုက်ပွဲဖြစ်ပွားနေတဲ့ တပ်မဟာ (၂)နယ်မြေ သီပေါမြို ခလရ (၂၃) တပ်စခန်းနေရာကိုလည်း စစ်ကောင်စီတပ်က Jet Fighter နဲ့ (၁)ကြိမ်၊ Y-12 ထောက် ပိုလေယာဉ်ဖြင့် (၈)ကြိမ် ဗုံး(၄၄)လုံး လာရောက်ကြဲချခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် မန်တုံမြိုနယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မန်ဆာကျေးရွာကို စစ်ကောင်စီတပ်က Jet Fighter နဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး (၁)လုံးအပါ ဗုံး (၅)လုံး အရပ်သားပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့လည်း သိရပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read