Homeပြည်တွင်းသတင်းနောင်ချိုဒေသကို စစ်ကောင်စီက လေကြောင်းက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

နောင်ချိုဒေသကို စစ်ကောင်စီက လေကြောင်းက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းထုတ်ပြန်

၆ အောက်တိုဘာ၊ ၂၀၂၄

တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုဒေသကို စစ်ကောင်စီက လေကြောင်းက အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ TNLAက အောက်တိုဘာ ၅ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၅ရက်က စစ်ကောင်စီက တိုက်ပွဲဖြစ်နေတဲ့အမြောက်တပ်(၃၅၄)တပ်စခန်းနေရာကို Y-12 ဖြင့် (၇)ကြိမ်တိတိ ဗုံး(၅၉)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဒီဗုံးတွေထဲမှာ အဆိပ်ငွေ့ဗုံး ပါဝင်နေတယ်လို့ TNLA က ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီ တပ်စခန်းရှိတဲ့ ၉၀၂ တပ်စခန်းနေရာကို ထောက်ပို့လေယာဉ် Y-8 နဲ့ (၇)ကြိမ် လက်နက်ခဲယမ်းနဲ့ ရိက္ခာ (၆၀)ထုပ် လာရောက်ကြဲချခဲ့တယ်လို့ TNLA က ဖော်ပြပါတယ်။

အရင်ကလည်း စစ်ကောင်စီတပ်ဟာ TNLA ရဲ့ မြို့သိမ်းတိုက်ပွဲတွေကို အဆိပ်ငွေ့ဗုံး အသုံးပြုပြီး လေကြောင်းကတိုက်ခိုက်ခဲ့ဖူးပါတယ်။ အဆိပ်ငွေ့ရှူမိတဲ့ ရဲဘော်တွေဟာ အောက်ဆီဂျင်ကျခြင်း၊ မောပန်းခြင်း အပါအဝင် အဆိပ်ငွေ့ ဗုံးဒဏ်သင့်တဲ့ လက္ခဏာတွေ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ဖူးပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်ပြည်နယ်က မြဝတီမြို့နယ် လေးကေ့ကော်တိုက်ပွဲတွေမှာလည်း အဆိပ်ငွေ့ဗုံး အသုံးပြုခဲ့ဖူးပြီး တော်လှန်ရေးမဟာမိတ်ရဲဘော်တွေမှာ မူးဝေ၊ အောက်ဆီဂျင်ကျ ၊ အရေပြားစပ်တဲ့ ရောဂါလက္ခဏာတွေ ပြခဲ့ပါတယ်။ ကရင်၊ ကရင်နီ ၊ ရှမ်းမြောက် နဲ့ ရှမ်းတောင် ဒေသတွေက တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်း စစ်ကောင်စီဟာ အဆိပ်ငွေ့ဗုံးကြဲခဲ့ဖူးပါတယ်။

စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုမှုမရှိကြောင်း ငြင်းထားပေမဲ့ စစ်ကောင်စီနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဘက်က စစ်တပ်က အဆိပ်ငွေ့ဗုံး သုံးပြီး တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Photo -PSLF/TNLA

ဆက်စပ် သတင်းများ

Most read