Homeပြည်တွင်းသတင်းနောင်ချိုကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် TNLA တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေ

နောင်ချိုကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် TNLA တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေ

၁၀ ဇွန်၊၂၀၂၅

နောင်ချိုမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် TNLA တပ်နဲ့တိုက်ပွဲဖြစ်ပွားလျှက်ရှိတယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

စစ်တပ်က ဇွန်လ ၉ ရက်နေ့ မနတက်ပိုင်းကတည်းက ထိုးစစ်ဆင်လာတာကြောင့် နောင်ချိုမြို့နယ်အတွင်းက ပိန္နဲကုန်း နဲ့ ကန်ကြီးကျေးရွာကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ကူ (၂၇)လုံး ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး စစ်တပ်က နောင်ချိုမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာ နဲ့ လက်ပန်ကုန်းကျေးရွာတွေကို ထိုးစစ်ဆင်တိုက်ခိုက်လာဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှုကြောင့် အမျိုးသား (၂)ဦး နဲ့ မျိုးသမီး (၂)ဦးတို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က နောင်ချိုမြိုနယ်အတွင်းကို ထိုးစစ်ဆင်ခြင်း၊ စစ်အင်အား ဖြည့်တင်းခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲချခြင်း၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လျှက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကိုလည်း လိုက်နားဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – PSLF/TNLA

ဆက်စပ် သတင်းများ

Most read