Homeပြည်တွင်းသတင်းနောင်ချိုကို စစ်ကောင်စီလေကြောင်းနဲ့ ထက်မံဗုံးကြဲ ဒေသခံ ၆ ဦး ဒဏ်ရာရ လေကြောင်းကဗုံးကြဲလို့ ၃ ပတ်အတွင်း လူ ၁၇...

နောင်ချိုကို စစ်ကောင်စီလေကြောင်းနဲ့ ထက်မံဗုံးကြဲ ဒေသခံ ၆ ဦး ဒဏ်ရာရ လေကြောင်းကဗုံးကြဲလို့ ၃ ပတ်အတွင်း လူ ၁၇ ဦး သေဆုံး

၂၃ နိုဝင်ဘာ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ၂၂ ရက်နေ့ ညသန်းခေါင်ယံအချိန်က စစ်ကောင်စီက လေ ကြောင်းကနေ ထက်မံ ဗုံးကြဲတိုက်ခဲ့မှုကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအဆောက် အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်အချိန်က နောင်ချိုမြို့ စျေးရပ်ကွက်၊ နယ်မြေ ၁၀ အတွင်းကို စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကျချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ ကလည်း TNLA တပ်မဟာ (၂)နယ်မြေထဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ဦးသေဆုံးပြီး လူ ၅ ဦးဒဏ်ရာရခဲ့သလို အဆိုပါနေ့မှာပဲ နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက နောင်ချိုမြို့ကို ယခုနှစ်နိုဝင်ဘာလအတွင်း လေကြောင်းကဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတာဖြစ်ပြီး နောင်ချိုမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ ပတ်အတွင်း အရပ်သားပြည်သူ ၂၆ ဦး ဒဏ်ရာရခဲ့ကာ ၁၇ ဦးသေဆုံးခဲ့ရပြီးဖြစ်တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read