Homeပြည်တွင်းသတင်းနောက်ဆက်တွဲ ငလျင်တွေကြောင့် ရန်ကုန်အပါအဝင် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်က မြို့ကြီးက ပြည်သူတွေ သတိထားဖို့မြန်မာနိုင်ငံငလျင်ကော်မတီ သတိပေး

နောက်ဆက်တွဲ ငလျင်တွေကြောင့် ရန်ကုန်အပါအဝင် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်က မြို့ကြီးက ပြည်သူတွေ သတိထားဖို့မြန်မာနိုင်ငံငလျင်ကော်မတီ သတိပေး

၂၈ မတ်၊ ၂၀၂၅

ဒီနေ့ မတ်လ ၂၈ ရက်နေ့လည်း ၁၂ နာရီ ၅၁ မိနစ် ၅၄ စက္ကန့်အချိန်မှာ မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုတ်သွားတဲ့ ရစ်ချတာစကေးလ် အင်အား ၇.၇ အဆင့်ရှိ လှုတ်ခတ်မှုကြောင့် စစ်ကိုင်း၊မန္တလေး နဲ့ နေပြည်တော် အပါအဝင် အလယ်ပိုင်းဒေသတွေမှာ ထိခိုက်ပျက်စီးမှုကြီးမားခဲ့ပြီး နောက်ဆက်တွဲငလျင်တွေ ရှိနိုင်သေးတယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီ က သတိပေးထားပါတယ်။

နောက်ဆက်တွဲ ငလျင်ငယ်တွေဟာ စစ်ကိုင်းပြတ်‌ရွေ့ တလျှောက်ရှိ လယ်ဝေးမြို့၊ နေပြည်တော်၊ ဖြူးမြို့၊ တောင်ငူမြို့ စတဲ့ မြို့တွေကိုဆက်လက် လှုပ်ခတ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကိုင်းပြတ်ရွေ့ရဲ့ အလယ်ပိုင်း နှင့် တောင်ပိုင်း တလျှောက်က မြို့ကြီးတွေ ဖြစ်တဲ့ရွှေဘိုမြို့၊ မန္တလေးမြို့၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ တောင်ငူမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့ စတဲ့ မြို့ကြီးက ပြည်သူတွေ သတိထားနေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးထားတဲ့ အဆောက်အအုံတွေဟာ နောက်ဆက်တွဲငလျင်တွ လှုပ်ခတ်ချိန်မှာ ပိုမို ထိခိုက်ပျက်စီးနိုင်တာကြောင့ လတ်တလော ဝင်ရောက်နေထိုင်တာတွေ မလုပ်ဖို့ မြန်မာနိုင်ငံငလျင်ကော်မတီ ကတိုက်တွန်းထားပါတယ်။

ဓါတ်ပုံ – မြန်မာနိုင်ငံငလျင်ကော်မတီ

#NewDayMyanmar

ဆက်စပ် သတင်းများ

Most read