နေပြည်တော်၊ဥတ္တရသီရိမြို့နယ်၊ကျွဲရှင်းကျေးရွာ၊ တောင်ညို-ကျွဲရှင်းလမ်းဆုံမှာ စက်တင်ဘာလ ၃ရက်နေ့လယ်ပိုင်းက ရွှေအိုးစည် ခရီးသည်တင်Express ယာဥ် တစ်စီးဟာ ချောက်ထဲထိုးကျမှုဖြစ်ပွားခဲ့ပြီး ၂ ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ခရီးသည်တင်ကား ကားလမ်းအပေါ်ကနေ ချောက်ထဲထိုးကျပြီး အောက်မှာရှိတဲ့ဆိုင်ကယ်ဝပ်ရှော့ဆိုင်ထဲကို ထိုးကျသွားတာ။ ဝပ်ရှော့ဆရာနဲ့ကားပေါ်ပါလာတဲ့ တစ်ယောက်ကတော့ က ပွဲချင်းပြီး သေသွားတယ်။ထိခိုက်ဒဏ်ရာရသူလည်း များတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးနဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဥ်တွေနဲ့ နေပြည်တော်ကုတင်-၁၀၀၀ ဆေးရုံကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


