Homeပြည်တွင်းသတင်းနေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲက ပန်းခြံမှာထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု စစ်ကောင်စီက ဖြုတ်သိမ်း

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲက ပန်းခြံမှာထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု စစ်ကောင်စီက ဖြုတ်သိမ်း

၂၉ ဇူလိုင် ၂၀၂၅

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပုဗ္ဗသီရိစျေးအနီးက ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြုတ်သိမ်းသွားတယ်လို့ အဲဒီမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတဦးက New Day Myanmar ကို ပြောပါတယ်။

အဲဒီရုပ်ထုကို ဖြုတ်သိမ်းတဲ့ အချိန်မှာ မိုးတွေရွာနေတာကြောင့် အခြားသူတွေ ဂရုမပြုနိုင်တဲ့ အခြေအနေဖြစ်ပြီး၊ ဖြုတ်သိမ်းချိန်ဟာ ဇူလိုင် ၂၇ ရက် ညပိုင်းက ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ဘာပြောရမလဲဆိုတော့ သမိုင်းဖျောက်ချင်တာပေါ့ဗျာ။ မရပါဘူး ဗိုလ်ချုပ်က ဗိုလ်ချုပ်ပါဘဲ။ ကလေးနဲ့ခွေးအစ လက်ခံတာဗိုလ်ချုပ်။ လက်မခံတဲ့ကောင်က မင်းအောင်လှိုင်ကိုဘဲ။ ဖြုတ်တဲ့နေ့က မိုးတွေရွာနေတော့ ကောင်စီနယ်မြေထဲလည်း ဖြစ်တော့ သိပ်သတိမထားမိဘူး။
နောက်နေ့ကျမှ အကုန်သိကျတာ။”လို့ New Day Myanmar ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဖြုတ်သိမ်းသွားတဲ့ ဗိုလ်ချုပ်ကြေးရုပ်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ (၁၀၄) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့မှာ အမှတ်တရထားရှိတဲ့ ရုပ်ထုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး