Homeပြည်တွင်းသတင်းနေပြည်တော်မှာ USDP ပါတီကလွဲလို့ အခြားနိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာ မရှိသေး

နေပြည်တော်မှာ USDP ပါတီကလွဲလို့ အခြားနိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာ မရှိသေး

၂၉ အောက်တိုဘာ ၂၀၂၅

စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးကာလ စတင်တဲ့ရက်မှာဘဲ နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီကလွဲလို့ အခြားနိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာ မရှိသေးဘူးလို့ နေပြည်တော်နေ ဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။

ဒါအပြင် တသီးပုဂ္ဂလကိုယ်လှယ်လောင်းအချို့ မဲဆွယ်စည်းရုံးတာမျိုး အနည်း ငယ်ရှိတာကို တွေ့တယ်လို့လည်း သူကဆိုပါတယ်။

“နေပြည်တော်လိုနေရာမှာတောင် လုံခြုံ ရေးကြောင့် မဲဆွယ်တဲ့ပါတီမရှိဘူး။ မနေ့ကတော့ USDP က စဆွယ်တယ်။ ဘာပါတီမှကို ထွက်မလာဘူး။တိတ်ဆိတ်နေတယ်”လို့ သူကပြောပါတယ်။

မဲဆွယ်ကာလ ရောက်လင့်ကစား နေပြည် တော်တွင်သာမက ရန်ကုန်မြို့တွင်လည်း မဲဆွယ်စည်းရုံးတဲ့ ဆိုင်းဘုတ်အနည်းငယ် ထောင်‌ရုံကလွဲပြီး တိတ်ဆိတ်နေတာကို တွေ့ရပါတယ်။

နိုင်ငံရေးပါတီအချို့ ဟာ လုံခြုံရေးအခြေအနေအရ မြေပြင်မှာ မဲဆွယ်စည်း ရုံးထားထက် အွန်လိုင်းပလက်ဖောင်းအသီးသီးကနေ မဲဆွယ်စည်းရုံးဖို့ ကြိုးစား‌နေကြတာကို တွေ့မြင်ရပါတယ်။

“တော်လှန်ရေးအဖွဲ့တွေက ပြောပြီးသားလေ၊ ဒါကြောင့်သူတို့ကြောက်နေကြတာ”လို့ ရန်ကုန်နေ ပြည်သူတဦးက ဆိုပါတယ်။

ရွေးကောက်ပွဲမဲဆွယ်ကာလဖြစ်တဲ့ အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ရွေးကောက်ပွဲသပိတ် မှောက်ဆန့်ကျင်ရေးကာလအဖြစ်သတ် မှတ်တယ်လို့ အထွေထွေသပိတ်ပေါင်း စပ်ညှိနှိုင်းရေးအင်အားစု(GSCB) က မနေ့က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – USDP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး